ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရန်ကုန် စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ငွေကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆) မှ (၄၇) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း၊ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မနီလာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Kalinga ပြည်နယ် တွင် စက်တင်ဘာ ၁၁ ရက် ၌ ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၃ ဦး သေဆုံး...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa (KPK) ပြည်နယ် ရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ စက်တင်ဘာ ၁၂ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ၉ဦး သေဆုံးခဲ့ပြီး ၂ဦး ပိတ်မိနေကြောင်း ပြည်တွင်းရုပ်သံလိုင်း Urdu TV channels ကဖော်ပြခဲ့သည်။
ချီတာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ၏ ၁၉၈၁ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှု ဖြစ်သည့် တရုတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ပူးပေါင်းပါဝင် သော “အရှေ့တိုင်း-၂၀၁၈” စစ်ရေး လေ့ကျင့်မှု ကို...
နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Telangana ပြည်နယ်တွင် စက်တင်ဘာလ ၁၁ ရက်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲ ပြုတ်ကျမှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။