Connect with us

Social

ရန်ကုန်စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် ကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုး ရောင်းချ ပေးသွားမည်

ရန်ကုန်စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် ကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်းအား တွေ့ ရစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန် စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ငွေကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက် အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်စာတိုက်ကြီးတွင် စက်တင်ဘာ ၂ဝ ရက်တွင် ပထမနေ့ တံဆိပ် ခေါင်းဖျက် အထူးတံဆိပ်တုံးရိုက်နှိပ်ပေးခြင်း၊ ရန်ကုန်စာတိုက်ကြီး အဆောက်အအုံနှစ်(၁၁ဝ) ပြည့်အထိမ်းအမှတ်ပို့စကတ် လေးမျိုးရောင်းချ ခြင်း၊ ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ်(၁၁ဝ) ပြည့်အထိမ်းအမှတ် ကတ် (Folder) ရောင်းချခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့၌ စက်တင်ဘာ ၂ဝ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စာတိုက်ကြီးတွင် စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ်(၁၁ဝ)ပြည့် အခမ်းအနား ကျင်းပခြင်း၊ မြန်မာ့စာတိုက် လုပ်ငန်းနှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များအသင်းတို့ ပူးပေါင်း၍ တံဆိပ်ခေါင်းပြပွဲခင်းကျင်းပြသခြင်း၊ ပြပွဲအထိမ်းအမှတ် တံဆိပ်ခေါင်းဖျက် အထူးတံဆိပ်တုံး ရိုက်နှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်စာတိုက်ကြီး အဆောက်အအုံနှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် ပို့စကတ်လေးမျိုး ရောင်းချ ပေးခြင်း၊ ရှေးဟောင်း တံဆိပ်ခေါင်း ထည့်သွင်းထားသည့်ကတ် (Folder) ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.