Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း ဒေသ တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၃ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ တွင် အများအပြား တွေ့ရှိရသည့် Jeepney အမျိုးအစား ယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Kalinga ပြည်နယ် တွင် စက်တင်ဘာ ၁၁ ရက် ၌ ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၃ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ စက်တင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ် ခန့်တွင် ခရီးသည်တင်ယာဉ် တစ်စင်း က ဘရိပ်ပေါက်မှု ဖြစ်ပွား ခဲ့ပြီး လမ်းဘေးရှိ ချောက် အတွင်း သို့ ပြုတ်ကျ သွား ခဲ့ကြောင်း ၊ ယာဉ်မတော်တဆမှု ကြောင့် သေဆုံး ခဲ့သည့် ၁၃ ဦး မှာ အသက်ကြီးသည့် လူအို များ ဖြစ်ကြပြီး ပင်စင် သွားရောက် ထုတ်ယူပြီး အပြန် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အချို့ မှာ ဒဏ်ရာလွန်စွာ ပြင်းထန်ကြောင်း ၊ ဒဏ်ရာရရှိသူ များအား အနီးပတ်ဝန်းကျင် ရှိ ဆေးရုံ သို့ ပို့ဆောင်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ ၏ ကနဦး စစ်ဆေးချက်များအရ အချင်းဖြစ်ပွားစဉ် ခရီးသည် တင်ယာဉ် ၌ လူပေါင်း ၄၀ ကျော် လိုက်ပါခဲ့ပြီး သတ်မှတ်ချက်ထက် များစွာ ကျော်လွန်နေကြောင်း သိရှိရသည်။

အချင်း ဖြစ်ပွား ခဲ့သည့် Jeepney ယာဉ် အမျိုးအစား သည် ဖိလစ်ပိုင် နိုင်ငံ တွင် အများအပြား တွေ့ရှိရသည့် ခရီးသွားလာရေး သုံး ယာဉ်အမျိုးအစား ဖြစ်ပြီး ၎င်း ယာဉ် များမှာ သက်တမ်း လွန်စွာ ကြာမြင့်ပြီး ဖြစ်သည့် အပြင် ထိန်းသိမ်းမှု နည်းသဖြင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.