Connect with us

Education & Health

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆေးရုံများသို့ စစ်ဆေးမှုပြုလုပ်စဉ့် (ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။

လန်သန်းကျေးရွာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ကလေးများသေဆုံး ခဲ့ကြောင်း သတင်းအရ နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကွင်းဆင်း အဖွဲ့သည် သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ လည်းကောင်း၊ နန်းယွန်းမြို့နယ်မှ လက်ထောက်ကျန်းမာရေးမှူး ဦးမျိုးမြင့်သိန်း ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ လည်းကောင်း ကွင်းဆင်းကုသခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လန်သန်းကျေး ရွာတွင် ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်ရောဂါ လက္ခဏာ များဖြင့် ကလေးငယ် သုံးဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ကျေးရွာတွင် ရာသီတုပ်ကွေးရောဂါ လက္ခဏာရှိသူလူနာ ၆၄ ဦးအား ဆက်လက်ကုသပေးခဲ့ရာယင်းလူနာများမှာ သက်သာပျောက်ကင်းသွားကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၇ ရက်အထိ လန်သန်းကျေးရွာမှ ကလေးငယ် လေးဦးနှင့် ပေါ်ကွန်ကျေးရွာမှ ကလေးငယ် တစ်ဦး ကလေးစုစုပေါင်း ငါးဦးသည် ရာသီတုပ်ကွေး၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်လက္ခဏာများ ဖြင့် သေဆုံးခဲ့ပြီး လန်သန်းကျေးရွာမှ နန်းယွန်းဆေးရုံသို့ လွှဲပြောင်းခဲ့သော လူနာ ကလေး နှစ်ဦးသည် နန်းယွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ ညွှန်ကြားမှုဖြင့် ဗဟိုကွင်းဆင်းအဖွဲ့သည် လိုအပ်သည့်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လန်သန်းကျေးရွာ၊ ပေါ်ကွန် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.