Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ ၁၃း၃၀နာရီအချိန် ပေါင်မြို့နယ် ကဒါရပ်ကွက် ဘုံကျောင်းလမ်း၌ ခွေးရူး ၁ ကောင်မှ လိုက်လံကိုက်ခဲ့မှုကြောင့် အဆိုပါလမ်းနေ သက်ဝေ(၃၀)နှစ် အပါအဝင် ၁၅ ဦး(ကျား ၁၀၊ မ ၅)တို့မှာ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ဆေးကုသခဲ့ပြီး ခွေးရူးအား သတ်၍ ပေါင်မြို့နယ် ကဒါရပ်ကွက် စည်ပင်အမှိုက်ပုံတွင် မြှုပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.