ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် မိုင်းဟဲ ကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာအနီး၌ ကျပ်သိန်းပေါင်း ၇၈,၂၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ် ၁၀ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အမ္မန်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့သည် သြဂုတ် ၁၁ ရက် ညနေပိုင်းက မြို့တော် အမ္မန် အနီးရှိ Al Saltမြို့တွင် အကြမ်းဖက်သမားများနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
လီမာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံအလယ်ပိုင်း Huanuco ဒေသရှိ ချောက်နက်တစ်ခုထဲသို့ သြဂုတ် ၁၁ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၇ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ အမျိုးသားအရေးပေါ်အခြေအနေဆောင်ရွက်ရေးစင်တာက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့သည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် လူဖြူ လူမျိုးရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွားရသည့် ၁ နှစ်ပြည့်ကာလ ဖြစ်သည်။ ထရမ့်က လူမျိုးရေးခွဲခြားမှု အားလုံးကို အပြစ်တင်ရှုံ့ချကြောင်းနှင့် စည်းလုံးညီညွတ်ရန် တိုက်တွန်းကြောင်း သြဂုတ်...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) Myanmar Idol season 3 ၏ Grand Final တွင် ကျန်းမာရေးအရ လာရောက် ယှဉ်ပြိုင်ခြင်းမပြုနိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် Round 3 သီဆို မှု အပြီးတွင် ဆေးရုံမှ...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ်ကို ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟိုချီမင်းစီးတီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတောင်ပိုင်း Tien Giang ပြည်နယ် ရှိ မူးယစ်ဆေးဝါးဖြတ်စခန်းတစ်ခု ၏ ဂိတ်တစ်ခုကို သြဂုတ်၁၁ ရက် မူးယစ်ဆေးစွဲသူ အယောက် ၂၀၀ က ဖျက်စီး၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက်နေ့တွင် လာရောက် လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မန္တလေးမြို့)ကို မန္တလေးတက္ကသိုလ်အတွင်း၌ ယနေ့ နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။