Connect with us

Africa & Middle East

ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့နှင့် အကြမ်းဖက်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှု ကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ


အမ္မန်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့သည် သြဂုတ် ၁၁ ရက် ညနေပိုင်းက မြို့တော် အမ္မန် အနီးရှိ Al Saltမြို့တွင် အကြမ်းဖက်သမားများနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာသို့ လုံခြုံရေးကားများနှင့် ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တိုက်ခိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာသို့ လုံခြုံရေးကားများနှင့် ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

လက်နက်ကြီးများကိုင်ဆောင်ထားသည့် အကြမ်းဖက်သမားများက Al Saltမြို့ ရှိ လူနေအဆောက် အဦးတွင် ပုန်းခို၍ ကင်းလှည့်နေသည့် ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်သမားများက လက်နက်ချရန် ငြင်းဆိုခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်သူ အကြမ်းဖက်သမားများက သြဂုတ်လ ၁၀ ရက် ညပိုင်း အမ္မန်မြို့အနီးတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်နေသူများ ဖြစ်နိုင် ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jumana Ghunaimatသည် အခင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ တိုက်ပွဲကြောင့် လူ အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရာရှိတစ်ဦး က ဆင်ဟွာကို ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.