Connect with us

Latin America

ပီရူးတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျ၍ အနည်းဆုံး လူ ၇ဦးသေဆုံး

ပီရူးနိုင်ငံတွင်ယခင်က ချောက်ထဲပြုတ်ကျခဲ့သည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လီမာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံအလယ်ပိုင်း Huanuco ဒေသရှိ ချောက်နက်တစ်ခုထဲသို့ သြဂုတ် ၁၁ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၇ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ အမျိုးသားအရေးပေါ်အခြေအနေဆောင်ရွက်ရေးစင်တာက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ နှင့် မီးသတ်ဝန်ထမ်းများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များသည် မတော်တဆမှုဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား ကယ်ဆယ်ကာ Huanuco ခရိုင်အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ဘတ်စ်ကားတွင် ယာဉ်မောင်းနှင့် ယာဉ်လက်ထောက်အပါအဝင် ခရီးသည် ၆၀ဦးကျော် လိုက်ပါလာနိုင်ကြောင်းခန့်မှန်းရသည်။

၎င်းသည် Ucayali ဒေသအရှေ့ပိုင်းရှိ Pucallpa မြို့မှ အနောက်ဘက် ၁၅၅မိုင်ခန့်ရှိ Tingo Maria မြို့သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။ရဲတပ်ဖွဲ့က ဘတ်စ်ကားသည် Federico Basadre အဝေးပြေးလမ်းမတစ်လျှောက်မောင်းနှင်နေစဉ် ၁၅၀မီတာအနက်ရှိ ချောက်ထဲသို့ အမည်မသိအကြောင်းရင်းများကြောင့် ပြုတ်ကျသွားခဲ့ကြောင်းပြောကြားခဲ့သည်။ (Xinhua)