မနီလာ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) လူ ၁၆ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် ဇူလိုင် ၃၀ရက်က ဖိလစ်ပိုင်နိုင်ငံ အနောက် တောင်ပိုင်း မလေးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း ၊ လက်ရှိအချိန်အထိ လူ ၇ ဦး သေဆုံးပြီး ၈ ဦး...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်ရှိ မိန်းကလေးကျောင်း နှစ်ကျောင်း သြဂုတ်လ ၇ ရက်ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၈ ရက်တွင် ဖော်ပြလိုက်သည်။
ဖရန့်ခ်ဖာ့တ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Siegburg မြို့ရှိ မြန်နှုန်းမြင့် ရထားလမ်းအနီးတွင် သြဂုတ် ၇ ရက် က မီးလောင်ကျွမ်းမှုကြောင့် လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံမှာ သြဂုတ် ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင်ကန်ရေပြည့်အမှတ်သိ့ုရောက်ရှိပြီး မြစ်သာမြစ်အတွင်းသို့ စတင်စီးဆင်းခဲ့ပြီး သြဂုတ် ၇ ရက် နံနက်တွင် ၁.၅ ပေအထိ ရေကျော်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လော့အန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ရှိ နေရာတစ်ချို့တွင် မိုးသီးကြီးများ ကျရောက်မှုကြောင့် လူ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန် ၂ကောင်သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းဌာနက သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။
ဘိုဂိုတာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် Ivan Duque က သြဂုတ်လ ၇ ရက် တွင် ဘိုဂိုတာ မြို့လယ်ရှိ Bolívar ရင်ပြင် ၌ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး...
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာပေါင်း ၂ဝ ခန့်ရှိရာ ရေကြီး နစ်မြုပ် နေသည့် မိုးစပါးစိုက်ပျိုးပြီး ကျေးရွာ လေးခုရှိ လယ် ၆၁၁ ဧကခန့်တွင် ရေကြီး နစ်မြုပ်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေးသစ်ကြီးကို လာမည့် ၂၀၂၀ ပြည်နှစ် နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။
မွမ်ဘိုင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ကမ်းခြေတစ်လျှောက်သဲသောင်များပေါ်တွင် ယခုရက်ပိုင်းအတွင်း အပြာရောင်ပုလင်းပုံသဏ္ဍာန် ဂျယ်လီငါးများစွာကို တွေ့ရှိခဲ့ကြပြီးနောက် လူ ၁၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
လီမာ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်အလယ်ပိုင်းဒေသရှိ Ayacucho ပြည်နယ်တွင် သြဂုတ် ၆ ရက် ညပိုင်းက အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း ပီရူး ပြည်သူ့ ကာကွယ်ရေးဦးစီးဌာန က သြဂုတ် ၇...