Connect with us

Asia

ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ်ရှိ မိန်းကလေးကျောင်းများအား စစ်သွေးကြွတို့ မီးရှို့

မီးရှို့ဖျက်ဆီးခံရသည့် ပါကစ္စတန်နိုင်ငံရှိ မိန်းကလေးကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်ရှိ မိန်းကလေးကျောင်း နှစ်ကျောင်း သြဂုတ်လ ၇ ရက်ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၈ ရက်တွင် ဖော်ပြလိုက်သည်။

အဆိုပါ ကျောင်းများသည် ယင်းပြည်နယ်၏ Pishin ခရိုင်တွင် တည်ရှိပြီး တိုက်ခိုက်ခံရသော ကျောင်းများမှာ နေ့ကျောင်းများဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်သည့်ညအချိန်တွင် ကျောင်းများ ပိတ်ထားခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ကျောင်းအဆောက်အအုံများကို တိုက်ခိုက်သည့် စစ်သွေးကြွများအား မသိရသေးကြောင်း၊ အဆောက်အအုံအတွင်းရှိ ပရိဘောဂများအား မီးလောင်ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ယူထားခြင်း မရှိသေးပေ။

ယခု ဖြစ်ရပ်သည် ပါကစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပညာရေးဆိုင်ရာ အဆောက်အအုံများကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။ သြဂုတ်လ ၃ ရက် အစောပိုင်းက အမည်မသိ စစ်သွေးကြွများက နိုင်ငံမြောက်ပိုင်း Gilgit Baltistan နယ်မြေတွင် ကျောင်း ၁၂ ကျောင်းကို မီးရှို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.