Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းတွင် သင်္ဘောတစ်စီးနစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သည် ရေယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

လူ ၁၆ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် ဇူလိုင် ၃၀ရက်က ဖိလစ်ပိုင်နိုင်ငံ အနောက် တောင်ပိုင်း မလေးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း ၊ လက်ရှိအချိန်အထိ လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့(PCG)က သြဂုတ် ၈ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် ဇူလိုင် ၃၀ ရက်တွင် ဖိလစ်ပိုင် အနောက်တောင်ပိုင်း Tawi-Tawiပြည်နယ်မှ မလေးရှား Sabah အရှေ့ပိုင်းဒေသသို့ သွားရန် ထွက်ခွာလာခြင်းဖြစ်ပြီး လှေပေါ်တွင် Tawi-Tawi ဒေသခံများလိုက်ပါစီးနင်းလာခြင်းဖြစ်ကြောင်း ၊ သင်္ဘောသည် ဖိလစ်ပိုင်နှင့်မလေးရှား နယ်စပ် ပယ်လယ်ပြင်သို့ အရောက်တွင် နစ်မြုစ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Armand Baliloက ပြောကြားခဲ့သည်။

Armand Baliloက လက်ရှိ Tawi-Tawiပြည်နယ်မှ တံငါးသည်များက လူ ၇ ဦး၏ ရုပ်လောင်းကို တွေ့ရှိခဲ့ကြောင်း ၊ ပဏာမ စစ်ဆေးချက်များရ ယင်းရုပ်လောင်းများမှာ နစ်မြုပ်သွားသည့် သင်္ဘောမှ သူများဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။ ထို့အပြင် လူ ၁ ဦးကို ကယ်ဆယ်ထားကြောင်း သိရသည်။ ထိုသူက သင်္ဘောမှာ မောင်းနှင်နေစဉ် လှိုင်းကြီး လှေကြီးနှင့်ကြုံတွေ့ရပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် Tawi-Tawi ပြည်နယ်အနီး ပင်လယ်ပြင်တွင် ပျောက်ဆုံးသူများကို ရှာဖွေရန် ဖိလစ်ပိုင်ဘက်မှ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ထားပြီဖြစ်သလို ၎င်းအနီးတဝိုက်ပင်လယ်ပြင်ရှိ သင်္ဘောများကိုလည်း သတိထား စောင့်ကြည့်ပေးရန် အကြောင်းကြားထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က မလေးရှား သက်ဆိုင်ရာ ဌာနများနှင့် နှစ်ဖက်ပူးပေါင်း ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.