Connect with us

Asia

မွမ်ဘိုင်းကမ်းခြေများတစ်လျှောက်တွင် ဂျယ်လီငါးများကြောင့် လူ ၁၅၀ကျော် ဒဏ်ရာရရှိ


မွမ်ဘိုင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ကမ်းခြေတစ်လျှောက်သဲသောင်များပေါ်တွင် ယခုရက်ပိုင်းအတွင်း အပြာရောင်ပုလင်းပုံသဏ္ဍာန် ဂျယ်လီငါးများစွာကို တွေ့ရှိခဲ့ကြပြီးနောက် လူ ၁၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ကမ်းခြေများသို့ အပန်းဖြေလာရောက်လည်ပတ်သူများအကြား ထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်းများ၌ အဆိပ်ရှိ ဂျယ်လီငါးများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ နာကျင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျယ်လီငါးများတွင် သေးသွယ်ပျော့ပြောင်းပြီး အလွန်နာကျင်စေသည့် အဆိပ်ဆူးရှိသော လက်ချောင်းများ ပါရှိပြီး ၎င်းတို့ဖြင့် လူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းတိုက်ခိုက်တတ်ကြောင်း သိရသည်။ ယင်းအဆိပ်ဆူးသည် ငါးများကို သေဆုံးစေသော်လည်း လူသားများ သေဆုံးနိုင်လောက်သည့်အထိ မပြင်းထန်ကြောင်း သိရသည်။

အပြာရောင်ပုလင်းပုံသဏ္ဍာန် ဂျယ်လီငါးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နှစ်စဉ် မိုးလယ်ရာသီအတွင်း ယင်းဂျယ်လီငါးများကို မွမ်ဘိုင်းမြို့တွင် အများအားဖြင့် တွေ့ရလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အရေအတွက်များစွာ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပင်လယ်သတ္တဝါမျိုးစိတ်သည် Physaliidae မျိုးနွယ်ဝင်ဖြစ်ပြီး ၎င်းတို့အား အတ္တလန္တိတ်၊ ပစိဖိတ် နှင့် အိန္ဒိယ သမုဒ္ဒရာတို့တွင် အများအားဖြင့်မြင်တွေ့ရကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂျယ်လီငါးများ၏ တိုက်ခိုက်မှုဖြစ်ရပ်များစွာ ထွက်ပေါ်လာပြီးနောက် တာဝန်ရှိသူများက သတိပေးချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.