ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဘူလ်ဂေးရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ သွားရောက်ရန် မြို့တော် ပေကျင်းမှ ဇူလိုင်လ ၅ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၁၈၀၀ အချိန်မှ ၂၂၀၀ အချိန်ထိ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုးစာတောကျေးရွာအနီး တံခွန်တိုင်ချောင်းရှိ ကျောက်သားမြေထိန်း နံရံ ၂၆၀ ပေပြိုကျ၊ ၄၀၀ ပေ နိမ့်ကျ၊ မြေသားမြေထိန်းနံရံ...
နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ကလေးသူငယ်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ပိုမို ထိရောက်စွာ ကာကွယ်တားဆီးရေး ဥပဒေသစ်များ မကြာမီ ထွက်ရှိမည်ဟု ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။
ကိယက်ဗ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ယူကရိန်း နိုင်ငံ အခြေခံအဆောက်အဦ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး Dofgan က ဇူလိုင်လ ၄ ရက် ၌ ယူကရိန်း နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး လုပ်ငန်း တွင်...
နိုင်ရိုဘီ ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင်လ ၃ ရက်နေ့ ညပိုင်း အချိန်တွင် နိုင်ငံ တောင်ပိုင်း Lower Juba ပြည်နယ် ရှိ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှု...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်း ရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများအား အသိပေးခြင်းအား ယနေ့ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း...
နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကပ္ပလီပင်လယ်ကျွန်းများတွင် ဇူလိုင်လ ၅ ရက် အစောပိုင်းက အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။