Connect with us

Environment, Disasters & Accidents

နေပြည်တော်ကောင်စီနယ်မြေတွင်ရေကြီးရေလျှံမှုဖြစ်ပွား

ရာဇသင်္ဂဟလမ်းမကြီးတွင် အကျယ် ၂၀ ပေ၊ အနက် ၆ လက်မခန့် ရေကျော်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၁၈၀၀ အချိန်မှ ၂၂၀၀ အချိန်ထိ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုးစာတောကျေးရွာအနီး တံခွန်တိုင်ချောင်းရှိ ကျောက်သားမြေထိန်း နံရံ ၂၆၀ ပေပြိုကျ၊ ၄၀၀ ပေ နိမ့်ကျ၊ မြေသားမြေထိန်းနံရံ ၅၀၀ ပေ၊ ဝါးထရံကာမြေထိန်းနံရံ ၃၀၀ ပေ၊ Poly Felt မြေထိန်းနံရံ ၂၀၀ ပေတို့ မျောပါပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အလားတူ ၁၉း၀၀နာရီ အချိန်တွင် လယ်ဝေးမြို့နယ်အတွင်း မိုးရွာသွန်းပြီး ရိုးချောင်းရေမြင့် တက်မှု ကြောင့် အမှတ်(၂)ရပ်ကွက်ပါ ၂ ရပ်ကွက်မှ စာသင်ကျောင်း ၃ ကျောင်းအတွင်း ရေအနက် ၁ ပေခန့် ဝင်ရောက်နေ၍ စာသင်ကျောင်း ၃ ကျောင်းခေတ္တပိတ်ထားကြောင်းနှင့် ဗောဓိကုန်းကျေးရွာ ဗောဓိကုန်း မီးပွိုင့်အနီး ရာဇသင်္ဂဟလမ်းမကြီးတွင် အကျယ် ၂၀ ပေ၊ အနက် ၆ လက်မခန့် ရေကျော်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.