ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ် ၁၃ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇူလိုင်လ လပတ်၊ ဇူလိုင်လ ပထမ(၁၀) ရက်ပတ်နှင့် မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၏ ပြည်ပငွေကြေးလဲလှယ်မှုဈေးကွက် ၌ ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၃၂၄ ကျပ်ခန့်မှစပြီး တအိအိမြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်မူ ယနေ့တစ်ဒေါ်လာ ၁၃၉၅ ကျပ် အထိ စံချိန်သစ်တင် ၍ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ အကြီးဆုံး Gikomba လေဟာပြင်ဈေးတွင် ဇွန်လ ၂၈ ရက်အရုဏ်တက်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားသူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျန်းကျိုက်တုန်း ၊...
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ...
ဘန်ကောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ဂူအတွင်း ပျောက်ဆုံးနေသော လူငယ်ဘောလုံးသမားများအား မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကယ်ဆယ်ရေးအဖွဲ့များက ငါးရက်မြောက်နေ့အထိတိုင်အောင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသော်လည်း ပျောက်ဆုံးလူငယ်များ၏ တည်နေရာအား မသိရှိရသေးကြောင်း သိရသည်။
ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ် တွင် နယ်မြေရှင်းလင်းမှုတစ်ခု နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တာလီဘန် စစ်သွေးကြွ ၂၆ဦး ကို သုတ်သင်နိုင်ခဲ့ပြီး စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၂၇...
နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် ဇွန် ၂၇ ရက် က အိန္ဒိယလေတပ်ပိုင် တိုက်ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့ဖြစ်သည့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့...