Connect with us

Local

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့ဖြစ်သည့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် (၃၄၅၁)မှ (၄၆၀၀) အထိ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချ ခဲ့ရာ ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

ကျောက်စိမ်း အတွဲ အမှတ် (၄၆၀၁)မှ (၅၇၅၀)အထိကို ဇွန် ၂၈ ရက်တွင် ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ရာ ဇွန် ၂၃ ရက်တွင် ကျောက်မျက်အတွဲ ၆၉ တွဲ ၊ ဇွန် ၂၄ ရက်တွင် ကျောက်စိမ်း အတွဲ ၉၇၃ တွဲ ၊ ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ၈၃၃ တွဲ ၊ ဇွန် ၂၆ ရက်တွင် ကျောက်စိမ်း အတွဲ ၈၁၈ တွဲနှင့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.