Connect with us

North America

ပထဝီနိုင်ငံရေးဆက်စပ်မှုကြားမှ ရေနံဈေးများတက်

ရေနံတူးစင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖြင့် မတည်ငြိမ်မှုများရှိနေသောကြောင့် မေလ ၁၅ ရက်တွင် ရေနံဈေးများ မြင့်မားနေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ အထင်ကရ သဘောတူညီချက်တစ်ခုဖြစ်သော အီရန် နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

ရုပ်သံ မိန့်ခွန်း၌ ထရမ့်က အီရန်နိုင်ငံအပေါ် နျူကလီးယားနှင့် ဆက်စပ်သော ပိတ်ဆို့မှုများအား ဖြေလျှော့မှုအပေါ် လက်မှတ်ထိုးမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

မေလ ၁၄ ရက်က ထုတ်ပြန်လိုက်သော လစဉ် ရေနံဈေးကွက်အစီရင်ခံစာအရ ရေနံတင်ပို့သော နိုင်ငံများ အဖွဲ့အစည်း (OPEC) က ၂၀၁၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရေနံဝယ်လိုအားအတွက် ခန့်မှန်းရာတွင် ကမ္ဘာက တစ်နေ့လျှင် ရေနံစည်ပေါင်း ၉၈.၈၅ သန်း သုံးစွဲမည်ဟု မျှော်မှန်းထားပြီး မနှစ်ကထက် တစ်နေ့သုံးစွဲအား စည်ပေါင်း ၁.၆၅ သန်း ပိုလာခဲ့ကြောင်း သိရသည်။

OPEC ၏ အချက်အလက်များအရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (OECD) အတွက် စီးပွားဖြစ် ရေနံစတော့ခ်သည် မတ်လတွင် စည်ပေါင်း ၂.၈၃ ဘီလီယံ ရှိခဲ့ပြီး ယခင်လကထက် စည်ပေါင်း ၁၂.၇ သန်း ကျဆင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.