Connect with us

North America

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ အား ပိတ်ဆို့အရေးယူ လိုက်ကြောင်း ထုတ်ပြန် ကြေညာ

အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Valiollah Seif အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Valiollah Seif အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း မေလ ၁၅ ရက်နေ့ ၌ ကြေညာချက် ထုတ်ပြန် လိုက်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း ကို နေ့စဉ်နှင့် အမျှ အသုံးချနေသည် ကို လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ထုတ်ပြန် လိုက်သည့် ကြေညာ ချက်တွင် အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်သည့် အပြင် အီရတ် နိုင်ငံ တွင် ဖွင့်လှစ် ထားသည့် Bilad Bank ဥက္ကဋ္ဌ တို့အပါအဝင် လူပုဂ္ဂိုလ် ၄ ဦး နှင့် အဖွဲ့အစည်း တစ်ခု အား အမေရိကန် နိုင်ငံ မှ အကြမ်းဖက်သမားများ အဖြစ် သတ်မှတ် လိုက်ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ပိတ်ဆို့အရေးယူ ခံရသူများ က အီရန် နိုင်ငံ ရှိ ဘဏ်များ မှ တစ်ဆင့် Hezbollah ပါတီ ထံသို့ ဒေါ်လာ သန်းနှင့်ချီ၍ လျှို့ဝှက်စွာ ငွေကြေးများ လွှဲပြောင်းနေပြီး တိုက်ခိုက်မှုများ နှင့် အစွန်းရောက် စီမံကိန်း များအတွက် ကူညီထောက်ပံ့နေကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သမ္မတ တာဝန် စတင်ထမ်းဆောင်ချိန်မှ စ၍ အီရန် နိုင်ငံ အား ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည် ကို အကြောင်းပြ၍ အီရန် နိုင်ငံ အပေါ် ဖိအားများ အဆက်မပြတ် ပေးခဲ့သည်။ လတ်တလော ရက်ပိုင်း တွင် အခြေအနေ မှာ ပိုမိုဆိုးရွား လာပြီး ဒေါ်နယ်ထရမ့် က မေလ ၈ ရက်နေ့၌ အီရန် နျူကလီးယား သဘောတူညီချက် စာချုပ် မှ နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.