Connect with us

Politics, Law & Military

အရည်အသွေးဆိုင်ရာ စံချိန်စံနှုန်းမမီသည့် ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းများအား အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးဆိုင်ရာ စံချိန်စံနှုန်းမမီသည့် ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းများအား ပြုပြင်စေခြင်း၊သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အလျှောက် လိုက်နာမှုမရှိပါက လုပ်ငန်းအား အပြီးတိုင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦး၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားမဝင် ဆေးကုခန်း များနှင့် စံချိန်စံညွှန်း မကိုက်ညီသော ဓါတ်မှန်ခန်း၊ ဓါတ်ခွဲ ခန်းများအား မည်ကဲ့သို့ စိစစ်အရေးယူ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများကို အရည်အသွေးဆိုင်ရာ စစ်ဆေးမှုပုံစံများနှင့်တကွ ကွင်းဆင်းစစ်ဆေးလျက်ရှိပါတယ်။ အရည်အသွေးပိုင်း စစ်ဆေးချက်များနှင့် စံချိန်စံနှုန်းမမှီတဲ့ ဓါတ်ခွဲခန်း၊ဓါတ်မှန်ခန်းများအား ပြုပြင်စေခြင်း၊သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်နာမှုမရှိပါက အတိအလင်းပြောချင်တာကတော့ လုပ်ငန်းအား အပြီးအပိုင် အရေးယူသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေအနေနဲ့လည်း တင်ပြတဲ့အခါကျရင် အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။’’ဟု လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖွင့်လှစ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ မကိုက်ညီသော ဓါတ်မှန်|ဓါတ်ခွဲခန်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပုဂ္ဂလိက ကျန်းမာရေး ဗဟိုအဖွဲ့၏ ၁၅. ၂.၂၀၁၇ ရက်စွဲပါအရ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့၏ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ(၂၂ )နှင့် ပုဒ်မ (၄၂) ပုဒ်မခွဲ (ခ)တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ကို အဖွဲ့ဝင် (၂၇)ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ တရားမဝင်ဆေးကုသနေသော ဆေးခန်းများနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ကနေပြီးတော့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မခွဲ (ည)နဲ့ ပုဒ်မ (၄၂)၊ ပုဒ်မခွဲ (ခ)တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို အဖွဲ့ဝင်(၁၂) ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌဆို ကျွန်တော် လူမှုရေးဝန်ကြီး ဖြစ်ပါတယ်။ အတွင်းရေးမှူးကတော့ တိုင်းဒေသကြီး ဦးစီးမှူးဖြစ်ပါတယ်။ ကော်မတီအနေနဲ့ ပုဂ္ဂလိကဆိုင်ရာကျန်းမာရေးလုပ်ငန်းများ လျှောက်ထားသူများကိုလည်း အဖွဲ့လိုက် ကွင်းဆင်း စစ်ဆေးလျက်ရှိပါတယ်။ တရားမဝင်ဆေးခန်းများနဲ့ပတ်သက်လို့လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရ ဥပဒေများနှင့်အညီ စီစစ်အရေးယူဆောင်ရွက်လျက်ရှိပါတယ်။”ဟု ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.