နေပြည်တော် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်ရေးအား အစိုးရ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့၏ ခေါင်းဆောင်များက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့...
ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့် အောက်တိုဘာလ ၁၄ ရက်က တွေ့ဆုံစဉ် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိက အခွင့်အလမ်းများအား ကြိုဆို ပြောကြားလိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တန်ချိန် ၂၁ဝ ရှိ ကျောက်စိမ်းတုံးကြီးတစ်တုံးကို တူးဖော်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာ့ ကျောက် မျက် ရတနာလုပ်ငန်းမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများအနေဖြင့် အစိုးရက ဆောင်ရွက်နေသော အခြေအနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသောအထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) နည်းပညာ တက္ကသိုလ် ၂၉ ကျောင်းအတွက် လာမည့် စာသင်နှစ်တွင် ဘတ်ဂျက် ပိုမို သုံးစွဲခွင့် ရရန် လွှတ်တော်သို့ တင်ပြမည်ဟု ပညာရေး ဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ် ခြောက်ခုတို့မှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များအား ယနေ့နေ့လယ် တွေ့ဆုံအပြီးတွင်...
ကွေ့ယန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သက်တမ်း နှစ်ထောင်ပေါင်းများစွာရှိနေသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လူနေမှု ဘဝများအား ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်မှုအနေဖြင့် ရှေးဟောင်း ကျေးရွာပေါင်း ၄,၁၅၇ ရွာအား နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်မှုအဖြစ် စာရင်းသွင်းလိုက်ကြောင်း သိရသည်။
မက်ဒရစ် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းသည် အာဂျင်တီးနားခံစစ်ကစားသမား ဂျေဗီယာ မာရှီယာနို၏အသင်းနှင့်စာချုပ် သက်တမ်းသစ်ကို အောက်တိုဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က အတည်ပြုပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ ဒဂုံ လေးမြို့နယ်နှင့် သီလဝါကို တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ပေးဝေနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။