Connect with us

Environment, Disasters & Accidents

အမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၇/၅)နှင့် (၂၁၇/၆)အကြားတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးဘက်မှ ရန်ကုန်သို့မောင်းနှင် လာသော SURF အမျိုးအစား (ခဲပြာရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၅ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ၂ဦးသည် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117