Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၃ လုံး ပြိုကျ ပျက်စီး

ယခုရက်ပိုင်း အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပဲခူးတိုင်း ဒေသကြီး အတွင်း ပျက်စီးမှုများအား ရှင်းလင်း ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၃ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အင်္ဂပူမြို့နယ် အတွင်း ဧပြီ ၁၇ ရက် ညနေပိုင်း အချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပိန္နဲကွင်း ကျေးရွာ အုပ်စု ၊ ကညင်ငူ ကျေးရွာ၌ နေအိမ် ၁၁ လုံး ၊ ကုန်းကြီးကျေးရွာ၌ နေအိမ် ၁၁ လုံး နှင့် ပဒပ်ကုန်းကျေးရွာ၌ နေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် အင်္ဂပူ မြို့နယ်ရှိ ကြခတ်ကွင်းကျေးရွာအုပ်စု နှင့် ပိန္နဲကွင်း ကျေးရွာအုပ်စုတို့တွင် နေအိမ် နှင့် ဘုန်းကြီးကျောင်း တစ်ချို့အမိုးလန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ထို့အတူ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် ဧပြီ ၁၇ ရက် နေ့လည်ပိုင်း အချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် နှင့် စာသင်ကျောင်း တစ်ချို့ထိခိုက် ပျက်စီးမှု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117