Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက ပုဒ်မ ၄၀၁(၁)ကို ပယ်ဖျက်

အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော အကျဉ်းသားများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည့်စည်းကမ်းချက်များကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော အမိန့်စာအရ သိရသည်။

နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညှာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ယနေ့ လွတ်ငြိမ်းသက်သာခွင့်၌ ပြည်တွင်းမှ လွတ်ငြိမ်းသက်သာခွင့်ရသည် အကျဉ်းသား ၈၄၉၀ဦးနှင့် ပြည်ပမှ လွတ်ငြိမ်းသက်သာခွင့်ရသည် အကျဉ်းသား ၅၁ဦး စုစုပေါင်း ၈၅၄၁ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.