ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊မတ်လ ပထမ( ၁၀) ရက်ပတ်နှင့်လပတ် မြစ်ရေကျဆင်းနိုင်မှု၊ မြင့်တက်နိုင်မှုအခြေအနေ များနှင့် ပတ်သက်၍ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု နှစ်ပတ်လည် အစည်းအဝေးများအတွက် သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရှေ့ပြေးံဖြစ်သည့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ရေး အတွက် အားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီကြရန် UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ယနေ့ ညနေပိုင်း နေပြည်တော်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် နှစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း မြန်မာ့စာတိုက် လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရသိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) လွှတ်တော် ကိုယ်စားလှယ်တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ရေးဆွဲ ပြုစု လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က ယနေ့အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးရှိ ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့်နှင့် ပတ်သက်ပြီး ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်က ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် ရပ်ထားသော အခြားကားတစ်စီးအား အရှိန်ဖြင့် ဝင်တိုက်မိရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရှိခဲ့ကြောင်း...
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ရှေ့နေများက သမ္မတဟောင်း ပက်ဂွမ်ဟေး (Park Geun-hye) အား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၈နာရီ၃၀ခန့်က ကျပ် ၁,၅၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။