Connect with us

Politics, Law & Military

စစ်တွေမြို့နယ်တွင် ကျပ် ၁,၅၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိသော တရားခံအားတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၈နာရီ၃၀ခန့်က ကျပ် ၁,၅၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စစ်တွေမြို့နယ်၊ ဘာဆာရာကျေးရွာရှိ နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၉,၈၀၀ ပြား တန်ဖိုး ကျပ် ၁,၅၉၆သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်မှ အိမ်ရှင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.