Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သံရုံးက မြန်မာနိုင်ငံတွင် မကြာသေးမီ ရက်များအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအပေါ် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်

ပေါက်ကွဲမှုဖြစ်ပွားသည့်အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ ကြေညာချက်အား တွေ့ရစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။

မကြာသေးမီ ရက်များအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့များ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် အကြမ်းဖက်မှုများ အားလုံးကို ပြစ်တင်ရှုတ်ချပါကြောင်း၊ ပေါက်ကွဲမှုများအတွင်း နစ်နာဆုံးရှုံးခဲ့ရသူများအတွက် စိတ်ထိခိုက်မိပါကြောင်းနှင့် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် ပြည်သူများအတွက် အလိုချင်ဆုံးဆန္ဒလည်း ဖြစ်ပါကြောင်း၊ထို့အတွက်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့်ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံသားများနှင့်အတူ တောင်းဆုပြုပါကြောင်းနှင့်လိုအပ်သော အကူအညီများ၊အထောက်အပံ့များကို ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117