Connect with us

Science & Technology

မြန်မာ့စာတိုက်လုပ်ငန်း နှစ်နှစ်တာ ကာလအတွင်း ငွေကျပ် ၁၄ ဘီလီယံကျော်အရှုံးပေါ်

ဗဟိုစာတိုက်ကြီးအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် နှစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း မြန်မာ့စာတိုက် လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရသိရသည်။

နှစ်နှစ်အတွင်း အရှုံးပေါ်ခဲ့သည့် ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံတွင် ၇၅ ရာခိုင်နှုန်းမှာ ဝန်ထမ်းစရိတ်များနှင့် ပင်စင်လစာများကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် အသုံးစရိတ်များကြောင့် ဖြစ်ကြောင်း၊ မြန်မာ့စာတိုက် လုပ်ငန်းသည် ပြည်တွင်းစာတစ်စောင် ပေးပို့မှုအတွက် မည်သည့်မြို့သ့ို မဆို ငွေကျပ် ၂ဝဝ ကောက်ခံခဲ့သော်လည်း အမှန်တကယ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်မှာ ငွေကျပ် ၂၁၄၅ ကျပ်ဖြစ်ကြောင်း၊ ပြည်ပသို့ စာတစ်စောင်ပေးပို့မှုအတွက် မည်သည့်နိုင်ငံသို့မဆို ငွေကျပ် ၁ဝဝဝ သာ ကောက်ခံသော်လည်း ကုန်ကျစရိတ်မှာ ငွေကျပ်၂၅၇၈ ကျပ်ရှိ၍ ငွေကျပ် ၁၅ဝဝ ကျော် အရှုံးပေါ်နေကြောင်‌း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်နေခြင်းကို ရပ်တန့်နိုင်ရန် အွန်လိုင်းပေါ်၌ ရောင်းချသည့် ကုန်ပစ္စည်းများကို ကြားခံ သယ်ယူပို့ဆောင်ပေးသော ဝန်ဆောင်မှုများ၊ ဘဏ်များ၏ ကိုယ်စား ငွေကြေး လွှဲပြောင်းပေးသည့် ဝန်ဆောင်မှုများ၊ စီးပွားရေး လုပ်ငန်းများ ကိုယ်စား ငွေကြေးကောက်ခံပေးသည့် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်လျက်‌ ရှိ‌ကြောင်‌းနှင့်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်‌ ငွေကျပ် လေးဘီလီယံခန်‌့ အရှုံးပေါ်နိုင်မည်‌ဟု ခန့်မှန်းထားပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် လက်ရှိအရှုံးကို ရပ်တန့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.