Connect with us

Politics, Law & Military

လူထုတွေ့ဆုံပွဲများ ငါးနေရာ ကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်း ကူညီကြရန် လိုအပ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရှေ့ပြေးံဖြစ်သည့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ရေး အတွက် အားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီကြရန် UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ယနေ့ ညနေပိုင်း နေပြည်တော် NRPC တွင် ပြုလုပ်သော (၁၄)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အစည်းအဝေး၌ ပြောကြားခဲ့သည်။

“အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အင်မတန်မှ အရေးကြီးတဲ့ဖြစ်စဉ် ကြီးပါ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ကို ဝိုင်းဝန်းပံ့ပိုးဖို့ လိုပါတယ်၊ အခု အသစ် လက်မှတ်ရေးထိုးထားတဲ့ မွန်အဖွဲ့နဲ့ လားဟူ အဖွဲ့တွေအတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် လူထုဆွေးနွေးပွဲတွေ ကျင်းပဖို့ကို ကျွန်တော်တို့ အားလုံးက ဝိုင်းဝန်း ပံ့ပိုးကူညီဖို့လိုပါတယ်၊ ပြီးခဲ့တဲ့ UPDJC အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုထားတဲ့အတိုင်း RCSS အနေနဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ လူထုတွေ့ဆုံပွဲတွေကို နေရာ လေးနေရာမှာ ကျင်းပပြီးပါပြီ၊ အခု ငါးနေရာမှာ ကျင်းပဖို့ သူတို့ပြင်ဆင်ထားတာ ရှိပါတယ်၊ အဲဒီ ငါးနေရာမှာ လူထုတွေ့ဆုံပွဲ ကျင်းပနိုင်ဖို့က ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၁၄ ကြိမ်မြောက်UPDJC အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အတူ ALP အနေဖြင့်လည်း လူထုတွေ့ဆုံပွဲများ ငါးနေရာမှာ ကျင်းပရေးအတွက် ပြင်ဆင်နေကြ ခြင်းကို မိမိတို့အားလုံးက ဝိုင်းဝန်း ပံ့ပိုးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ALP ပါဝင်လာနိုင်ရေးအတွက် ညှိနှိုင်းပြီး ကြိုးပမ်းကြဖို့ လိုအပ်ပါကြောင်း၊ မိမိတို့သည် အစု အဖွဲ့ အသီးသီးကို ကိုယ်စားပြုသည် ဆိုသော်လည်း တပ်မတော်၊ လွှတ်တော်၊ အစိုးရ ဟူ၍ သီးခြား သဘောထားမှုမရှိဘဲ နိုင်ငံရေးပါတီက လည်း မိမိတို့နိုင်ငံရေးပါတီဆိုပြီး သီးခြားသဘောထားမှုမရှိဘဲ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများကလည်း သီးခြားသဘောထားမှုမရှိဘဲကော်မတီ တစ်ခုအနေဖြင့် အားလုံးဝိုင်းပြီး အလုပ်လုပ်နေကြခြင်း ဖြစ်ကြောင်း၊ ကိုယ့်အစုအဖွဲ့၏ သဘောထားအမြင်ကို တင်ပြကြမှာဖြစ်သော် လည်း ကော်မတီတစ်ခုတည်းသာ ဖြစ်သောကြောင့် ငြိမ်းချမ်းရေးအတွက် အတူလက်တွဲပြီး ဆောင်ရွက်နေသည့် အဖွဲ့များ ဖြစ်သည် ဟူသော စိတ်ဓာတ်ဖြင့် ပြဿနာကို ဝိုင်းဝန်း ကိုင်တွယ် ဖြေရှင်းနိုင်ကြဖို့ တိုက်တွန်းလိုပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၁၄ ကြိမ်မြောက်UPDJC အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေး၌ UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက အဖွင့် အမှာစကား၊ UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် UPDJC ဒုတိယ ဥက္ကဋ္ဌဦးသုဝေတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်း အရုံး (LDU)တို့က NCA တွင် လက်မှတ်ရေးထိုးခဲ့မှုအား တင်ပြခြင်း၊ UPDJC ပြင်ဆင်ရေး၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေး၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရေး စသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ (Xinhua)