Connect with us

Social

ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့် ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်

ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့် ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူသော ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ- သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီးရှိ ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့်နှင့် ပတ်သက်ပြီး ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

လောင်းလုံမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရေအေးကျွန်းအုပ်စု၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုနှင့် ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းအုပ်စုတို့တွင် ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့် ဈေးပြိုင်အိတ်ဖွင့်တင်ဒါကို ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် လျှောက်လွှာတစ်စောင်လျှင် ကျပ် ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေးပြီး မတ်လ ၇ ရက်နေ့တွင် လျှောက်လွှာအရောင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးခန်းတွင် မတ်လ ၈ ရက်နေ့ နံနက် ၁၀နာရီတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များ စုသိမ်းထုတ်ယူခွင့်အား ဈေးပြိုင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.