မြစ်ကြီးနား ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများအား လေ့လာရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် မြစ်ကြီးနား မြို့သို့ဇွန် ၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးစု ခေါင်းဆောင်တစ်ချို့နှင့် ဦးစွာတွေ့ဆုံခဲ့သည်။
မန္တလေး၊ ဇွန် ၂ ရက် (ဆင်ဟွာ) မန္တလေးမြို့ ခင်နှင်း ပညာဒါန ဖောင်ဒေးရှင်း၏ သတ္တမ အကြိမ်မြောက် ကွန်ပျူတာ သင်တန်း (အဆင့်မြင့် Photoshop) ဖွင့်ပွဲကို ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ အချိန်တွင်...
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏...
ဒါကာ ၊ ဇွန် ၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်က လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟူသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ACC) ၏ စစ်ဆေး ကြားနာပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေမှ ဒေါ်လာသန်း ၈၀ ခန့်သည် ယခင် သတ္တုတွင်း ဝန်ကြီးဟောင်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များအကြား အဂတိ လိုက်စားမှုများတွင် ပါဝင်ကာ စာရင်းကွာနေပြီး ထိုရန်ပုံငွေမှ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း...
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နှင့် ပူးပေါင်း၍ အခမဲ့ အသုံးပြုနိုင်သော Free Basis နှင့် Facebook Flex ကို ဇွန်လ ၆ ရက် မှ စတင် အသုံးပြုနိုင်တော့မည်...
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂) ရက် မြန်မာစံတော်ချိန် (၁၂) နာရီ (၃၂) မိနစ် (၅၀) စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ မြောက်- အရှေ့မြောက်ဘက် မိုင် (၁၆၀) ခန့်...
ဆိုမာလီ၊ ဇွန် ၂ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် Mogadishu ရှိ ဟော်တယ်တစ်ခု အား ဇွန်လ ၁ ရက် က အယ်လ်ရှာဘတ် စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး...
နယူးဒေလီ ၊ ဇွန် ၂ ရက် (ဆင်ဟွာ) ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ် ထားရာ သန့်စင် မွန်မြတ်သော ဂင်္ဂါမြစ်ရေကို အွန်လိုင်းပေါ်မှ တဆင့် ရောင်းချပေးရန် အိန္ဒိယ အစိုးရက စီစဉ်နေကြောင်း သိရသည်။
ကမ်ဘာရာ ၊ ဇွန် ၂ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ စစ်သင်္ချိုင်းများတွင် မြှုပ်နှံထားသော ကျဆုံးစစ်သည် ရုပ်အလောင်း ၃၃ လောင်းကို မိခင် သြစတြေးလျ နိုင်ငံသို့ ဇွန်လ ၂ ရက်က အောင်မြင်စွာ ပြန်လည် သယ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။