Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က အမေရိကန် နှင့် ရုရှား နိုင်ငံ တို့မှ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်၍ နျူကလီးယား လက်နက်များ လျှော့ချသွားရန် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် ဂူတာရက်စ် က ဖေဖော်ဝါရီ ၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့အနေဖြင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ပြီး နျူကလီးယား လက်နက်များ ကို ပိုမိုလျှော့ချရန် နှင့် ကမ္ဘာ့လုံခြုံရေး နှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီး တွင် စစ်အင်အား လျှော့ချမှုများ ဆက်လက်ဆောင်ရွက်ကာ သမိုင်းတွင်သည့် ခေါင်းဆောင်မှုများ ပြုလုပ်သွားရန် တိုက်တွန်းကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် လက်ရှိချိန်တွင် နိုင်ငံတကာ မှ နျူကလီးယား လက်နက် အပေါ် စိုးရိမ်မှု သည် စစ်အေးကာလ ပြီးနောက် အမြင့်ဆုံး အခြေအနေ သို့ ရောက်ရှိလာခဲ့ပြီး နျူကလီးယား လက်နက် လျှော့ချခြင်း ၊ နျူကလီးယား မပြန့်ပွားအောင် ဆောင်ရွက်ခြင်း နှင့် စစ်လက်နက် များအား ထိန်းချုပ်ခြင်း စသည့် ကဏ္ဍများတွင် ကြိုးပမ်းအားထုတ်ခြင်းသည် လွန်စွာ အရေးကြီးကြောင်း ၊ ယင်း ကြိုးပမ်းအားထုတ်မှုများသည် ယုံကြည်မှု တိုးမြှင့်အောင် ဆောင်ရွက်ခြင်း ၊ တင်းမာမှု နှင့် တိုက်ခိုက်မှုများ လျှော့ချခြင်း တို့အတွက် လွန်စွာအရေးပါကြောင်း ဖော်ပြထားခဲ့သည်။

၂၀၁၀ ခုနှစ် ဧပြီလ မှ စတင်တွင် အမေရိကန် နှင့် ရုရှား နိုင်ငံ ခေါင်းဆောင် တို့က ချက်သမ္မတ နိုင်ငံ မြို့တော် တွင် တိုက်ခိုက်နိုင်သော မဟာဗျူဟာမြောက် လက်နက်များအား ကန့်သတ်ခြင်း နှင့် လျှော့ချခြင်း ဆိုင်ရာ နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည်။ သဘောတူညီချက် အရ နှစ်နိုင်ငံ အနေဖြင့် ၇ နှစ် အတွင်း နေရာချထားသည့် နျူကလီးယား ထိပ်ဖူးပါ လက်နက်များကို ၁,၅၅၀ အောက် သို့ လျှော့ချရန် နှင့် ရွေ့လျားနိုင်သည့် လက်နက်ပေါင်း ၇၀၀ ထက်မကျော်ရန် သဘောတူညီခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.