Connect with us

North America

အမေရိကန် နိုင်ငံ လွှတ်တော် အမတ်များက ဒေါ်နယ်ထရမ့် အစိုးရ အား မြောက်ကိုရီးယား နိုင်ငံ အပေါ် စစ်ရေးဆောင်ရွက်မှု မပြုလုပ်ရန် သတိပေး

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ပါတီ နှစ်ခု မှ လွှတ်တော် အမတ် ၁၈ ဦး က ဖေဖော်ဝါရီ ၅ ရက်နေ့၌ စုပေါင်း၍ သမ္မတ ဒေါ်နယ်ထရမ့် ထံသို့ ရေးသား ပေးပို့ခဲ့သည့် စာတွင် မြောက်ကိုရီးယား နိုင်ငံ အား လက်ဦးမှု ယူကာ စစ်ရေး တိုက်ခိုက်မှု ဆောင်ရွက်ရန် အတွက် ဥပဒေခွင့်ပြုချက် အားနည်းသောကြောင့် စစ်ရေး တိုက်ခိုက်မှု မဆောင်ရွက်ရန် သတိပေးကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ အထက်လွှတ်တော် စစ်ရေးကော်မတီ အဖွဲ့ဝင် ၊ ဒီမိုကရက်တစ်ပါတီဝင် Martin Heinrich ပါဝင်သော လွှတ်တော် အမတ်များ စုပေါင်း ပေးပို့ခဲ့သည့် စာတွင် အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက် မရှိဘဲ မြောက်ကိုရီးယား နိုင်ငံ အပေါ် လက်ဦးမှုယူ၍ စစ်ရေး တိုက်ခိုက်မှုဆောင်ရွက်ခြင်းသည် အခြေခံဥပဒေ အထောက်အထား နှင့် ဥပဒေခွင့်ပြုချက် တို့တွင် အားနည်းမှု ရှိနေကြောင်း ၊ သံတမန်ရေး နည်လမ်း အားလုံး ကို အစွမ်းကုန် မဆောင်ရွက်ဘဲ စစ်ရေးတိုက်ခိုက်မှုဆောင်ရွက်ခြင်း သည် လွန်စွာ တာဝန်ယူမှု ကင်းမဲ့သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး ဆိုင်ရာ လက်ထောက် နှင့် အိမ်ဖြူတော် ရှိ အရာရှိများ က မြောက်ကိုရီးယား နိုင်ငံ အပေါ် ကန့်သတ်ချက်ရှိ သော ၊ ဦးတည်ချက် ရှိသော လက်ဦးမှုယူ တိုက်ခိုက်မှုများ ဆောင်ရွက်ရန် ထောက်ခံခဲ့ကြပြီး ယင်းကဲ့သို့သော စစ်ရေး ခြိမ်းခြောက်မှုများ ဆောင်ရွက်ခြင်းဖြင့် ဘက်စုံစစ်ပွဲကြီး မဖြစ်ပွား ရန် တားဆီး နိုင်သည် ဟု ယူဆကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ် မှ စတင်၍ မြောက်ကိုရီးယား နိုင်ငံ သည် နျူကလီးယား စမ်းသပ်မှု များ ပြုလုပ်လာခဲ့ပြီး ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုများစွာ ပြုလုပ်လာခဲ့သဖြင့် အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့က စစ်ရေး လေ့ကျင့်မှု အတိုင်းအတာ ကို တိုးမြှင့် ဆောင်ရွက်လာခဲ့သည်။ ဒေါ်နယ်ထရမ့် က သမ္မတ ရာထူး စတင် တာဝန် ထမ်းဆောင်ချိန် မှ စ၍ အကြီးမားဆုံးသော ဖိအားပေးမှု မူဝါဒ ကို ကျင့်သုံးပြီး မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား လက်နက် စွန့်လွှတ်ရန် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိချိန်ထိ မျှော်မှန်းထားသည့် အကျိုးရလဒ် များ မရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.