Connect with us

Africa & Middle East

တူရကီ နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေးဆောင်ရွက်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း ၅၀၀ ခန့် သေဆုံး ဒဏ်ရာရရှိ

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က ဆီးရီးယား နိုင်ငံ အတွင်း တိုက်ပွဲ ၌ ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် တစ်ဦး ၏ အသုဘ အခမ်းအနား ကို တက်ရောက် ခဲ့စဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ ရေးသားဖော်ပြချက်အရ တူရကီ နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Afrinဒေသ တွင် သီတင်းပတ် ၂ ပတ်ကြာ ဆောင်ရွက်ခဲ့သည့် စစ်ရေးဆောင်ရွက်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း ၅၀၀ ဦး ခန့် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်တွင် Afrinဒေသတွင်း ဆေးရုံ ၏ စာရင်း ပြုစုချက်အရ တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ စစ်ရေးဆောင်ရွက်မှုကြောင့် လက်ရှိချိန်တွင် အရပ်သားပေါင်း ၁၄၂ ဦး သေဆုံးခဲ့ရပြီး ၃၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား ခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်တွင် တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ အမြောက်ဆံ သည် Afrinဒေသ ရှိ လခြမ်းနီ အဆောက်အဦ တစ်ခု သို့ ကျရောက် ခဲ့ရာ ဆိုးရွားစွာ ထိခိုက်ပျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် က ဖေဖော်ဝါရီ ၄ ရက်နေ့ ၌ တူရကီ နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်ရေးဆောင်ရွက်မှု ကို တိုးချဲ့သွားမည် ဖြစ်ပြီး တူရကီ နိုင်ငံ နှင့် ထိစပ်နေသည့် Manbij ဒေသတွင် ပြုလုပ် ဖွယ် ရှိကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် ဇန်နဝါရီ ၂၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ဆီးရီယား နိုင်ငံ အစိုးရ က တူရကီ နိုင်ငံ ၏ မိမိ နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆောင်ရွက်နေသော စစ်ရေး ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ယင်းစစ်ရေးဆောင်ရွက်မှုသည် ဆီးရီးယား နိုင်ငံ အချုပ်အခြာ အာဏာ ကို ရိုင်းစိုင်းစွာကျူးလွန် ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.