ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အများပြည်သူဆိုင်ရာ နေရာများတွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်းများကို စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
စူဗား၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံသို့ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) တိုက်ခတ်ပြီးနောက် သေဆုံးသူ အရေအ တွက်မှာ ၄၂ ဦးအထိ ရှိလာကြောင်း ပစိဖိတ်ကျွန်းနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ဖေဖော် ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိတရုတ်လူမျိုးများအသင်း၊ Zhe Jiang (ကျဲကျန်း ) စီးပွါးရေးလုပ်ငန်းရှင်များအသင်း ၊ ထိုင်ဝမ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းတို့မှ နမ့်ဆမ်မီးဘေးဒုက္ခသည်များအား အလှူငွေ ကျပ်သိန်း ၂၅၀ အား နမ့်ဆမ်ဒေသခံမှတစ်ဆင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မီးဘေးသင့်ပြည်သူများထံသို့လှူဒါန်းခဲ့ငွေပေးအပ်ခဲ့သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်း မပြုရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ကင်းလှည့်ခြင်းသည် ပြဿနာ တစ်ရပ်မဟုတ်ကြောင်း ဒေသ တွင်း ဆက်စပ်နေသည့် နိုင်ငံများအားလုံး လိုအပ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်း နှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုး သက်ရောက်မှု ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေး နှင့် သက်ဆိုင်ရာ...
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတွင် Tara လေကြောင်းလိုင်းပိုင် ခရီးသည် ၁၈ ဦး လိုက်ပါ စီးနင်းလာသော Twin Otter လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေရေး လုပ်ငန်းများကို စတင် ဆောင်ရွက် လုပ်ဆောင်နေပြီ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်-ကျောက်မဲမြို့နယ်များအတွင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA)တို့ တိုက်ပွဲမျာ းဖြစ်ပေါ်နေသော နေရာများသို့ မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ယက်တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဒေးဒရဲမြို့၏ တောင်-အရှေ့တောင်ဘက် (၁၅) မိုင်ခ န့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၇ နာရီ၂၀ စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု...