နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ် တွင် ဒီဇင်ဘာ ၂၃ ရက် က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲသို့ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၂၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကျပ်သိန်း၃၀၀ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများအား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာစီးပွားရေးဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(SME)အား ကျပ် သန်း ၃၀၀ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂ဝ၁၇)အစည်းအဝေး၌ အဆိုပြုလွှာတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်ကိုးခုနှင့် အတည်ပြုမိန့်နှစ်ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
မနီလာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်တောင်ပိုင်း တစ်လျှောက်တွင် ဒီဇင်ဘာ ၂၂ရက်က တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အနည်းဆုံး လူ ၃၀ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ငါးခူရနယ်မြေစခန်းအား ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်ရှိ ယခင်ကုန်သွယ်ရေးဇုန် အဖြစ်လျာထား မြေဧရိယာ ၄၉ ဒသမ ၆ ဧကကို ကညင်ချောင်း စီးပွားရေးဇုန်အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရာတွင် ဧက ၁၀၀ ထပ်မံတိုးချဲ့ထားကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။ လက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်အကောင်အထည်ဖော်...