Connect with us

Politics, Law & Military

မောင်တောအကြမ်းဖက်မှုတွင် ပါဝင်သူ တစ်ဦး ဖမ်းမိ

မောင်တောမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးများဖမ်းမိရာ နေရာပြမြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့ ငါးခူရနယ်မြေစခန်းအား ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်သော ဦရှည်ကျကျေးရွာနေ အသက် ၄၆နှစ်အရွယ်ရှိ ဇာဖောအာလောင်သညိ ကျေးရွာအတွင်း ပြန်လည်ရောက်ရှိနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၈၊ ၁၉ ရက်များတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှ မြန်မာနိုင်ငံဖက်သို့ တရားမဝင် ဝင်ရောက်လာသည်ဟု ယူဆရသည့် လူနှစ်ဦးနှင့် ဦးရှည်ကျချောင်းအတွင်း မသင်္ကာသည့် လူတစ်ဦး စုစုပေါင်း သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117