ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ)ကို ခရီးသည်ပို့ဆောင်ရေး မော်တော် ယာဉ်ကြီးကြပ်ရေးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲ အတွက် အရေးပါသော အောင်မြင်မှု တစ်ခုအဖြစ် ဖေ ဖော်ဝါရီလ ၂၀ ရက်တွင် ပြုလုပ်သည့် နီဗားဒါးပြည်နယ် ဒီမိုကရက်တစ် ကော့ကက်စ် (Caucuses) နေ့ ပြိုင် ပွဲတွင် ဟီလာရီ ကလင်တန်က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)၏ ပဉ္စမအကြိမ်အစည်းအဝေး၌ ဆွေးနွေးချက်များ သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ၏ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြင့်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်ခြင်းအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ချောင်းဆုံမြို့၌ ၆၆ ကေဗွီ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကျော် ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံကို ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဓာတ်အားခွဲရုံမှ ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင်...
ရီယိုဒီဂျနေးယိုး ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုး ရှိ ဘရာဇီးဗဟိုဘဏ်တွင် ၂ဝ၁၆ ဘရာဇီး အိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲ တို့ အား ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် အကြွေစေ့ အမျိုးအစား၉မျိုး ၄ စုံ ကို ထုတ်လုပ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်(၁၁)ရပ်ကွက် အနော်ရထာလမ်းမကြီး ပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို ဖေဖော်ဝါရီ ည ၉နာရီခွဲက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မငြိမ်းချမ်းသော နယ်မြေတစ်လက်မမျှမရှိစေရန် ကြိုးစားမည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က (၆၈) နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်း အနားတွင် ပြောကြားသည်။
စူဗား၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ ဝင်ရောက် တိုက်ခတ်သည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် (Winston) ကြောင့် ဖီဂျီနိုင်ငံအား နိုင်ငံတော်အဆင့် သဘာဝဘေး အခြေအနေ အဖြစ် ကြေညာလိုက်ကြောင်း အစိုးရပိုင် အသံလွှင့် ဌာန Fiji Broadcasting...