Connect with us

Asia

အီရန်နိုင်ငံ ငလျင်လှုပ်၊ တီဟီရန်နှင့် အနီးဝန်းကျင်တွင် ငလျင်ဒဏ် ပြင်ထန်စွာခံစားရ

အီရန်နိုင်ငံတွင် နိုဝင်ဘာလ ၁၃ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တီဟီရန်ပြည်နယ် Malard မြို့တွင် ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၁း၂၇ နာရီက အင်အား ၅.၂ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း အီရန် မြေငလျင်စင်တာ (ISC) က ပြောကြားခဲ့သည်။

အီရန်နိုင်ငံ မြို့တော် တီဟီရန် အရှေ့ပိုင်း ၅၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီကျု ၃၅.၆၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၅၀.၉၆ ဒီဂရီအကြား၊ မြေအောက်အနက် ၇ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း ISC အရသိရသည်။

အဆိုပါ ငလျင်ဒဏ်အား Alborz, Qazvin, Ghilan နှင့် Qom စသည့်ပြည်နယ်များမှလည်း ခံစားခဲ့ရသည်။

အီရန်နိုင်ငံ Press TV ၏ ပြသချက်အရ တီဟီရန်ပြည်နယ်ရှိ မြို့အချို့တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ပြီး ဆက်သွယ်ရေးနှင့် အင်တာနက်စနစ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်သင့်နေရာများသို့ အရေးပေါ်အဖွဲ့များအား စေလွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ တီဟီရန်နှင့် ဆင်ခြေဖုန်းမြို့နေ ပြည်သူများက ကြောက်ရွံ့ကာ လမ်းပေါ်ထွက်နေကြသည်ဟု ဆိုသည်။

သတင်းများအရ တီဟီရန် ဆင်ခြေဖုန်းရှိ Akhtar Abad ကျေးရွာ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုနှင့် လူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.