Connect with us

Social

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၌ ငါးပြတိုက် ကို ငါးကောင်ရေ ၁၈၀၀ ကျော်ဖြင့် အဆင့်မြှင့်တင် ဖွင့်လှစ်မည်

အလှမွေးငါးတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ဖွင့်လှစ်ထားသော ငါးပြတိုက်အား ဒီဇင်ဘာ ၂၃ ရက်တွင် အဆင့်မြှင့်တင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ယင်းငါးပြတိုက်၌ ပြည်ပငါးမျိုးစိတ် ၄၅ မျိုး၊ ပြည်တွင်း ငါးမျိုးစိတ် ၁၁ မျိုး ငါးကောင်ရေ ၁၈၈၁ ကောင်ဖြင့် ငါးကန် ၅၂ ကန်တွင် ငါးပညာရှင် ဦးခင်မောင်ဦး နှင့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများက တာဝန်ယူ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ၂ဝ၁ဝ ပြည့်နှစ်မှစ၍ ငါးပြတိုက်ကို စတင် ဖွင့်လှစ်ပြသပေးခဲ့ပြီး ယခုအခါ အဆိုပါ ငါးပြတိုက်တွင် ပြည်တွင်း ပြည်ပ မှ ငါးမျိုးစိတ်များ ထပ်မံထည့်သွင်းကာ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်၍ လာရောက် လည်ပတ်သူများအနေဖြင့် ငါးမျိုးစိတ်များ ကို စုံလင်စွာ တစ်နေရာတည်း၌ လေ့လာ ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ ငါးပြတိုက်ဖွင့်လှစ်ရခြင်း မှာ ရှားပါးငါးမျိုးစိတ်များ မျိုးတုံးမှုမှ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ပြည်တွင်းတိုင်းရင်းငါးမျိုးစုံ ၊ အလှမွေး ငါးမျိုးစုံနှင့် နိုင်ငံခြားမှ တင်သွင်းသော ရှားပါးငါးမျိုးစိတ်များကို တစ်စုတဝေး တည်း ကြည့်ရှုနိုင်ရန် ငါးပြတိုက်အဆင့် တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ငါးပြတိုက်ဖွင့်ပွဲနေ့တွင် Fish spa (ငါးကုထုံး)ကို အခမဲ့ ဝန်ဆောင်မှုပေး မည်ဖြစ်ပြီး ငါးကုထုံးပြကွက်ကိုလည်း ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ငါးပြ တိုက်ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.