လော့စ်အိနမ်ဂျလိစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အမေရိကန် နာမည်ကျော် ကျေးလက် (Country) အဆိုတော် အသက် ၈၁ နှစ်အရွယ် ဂလန်းကမ့်ဘဲလ် (Glen Campbell) သည် နှစ်ပေါင်းများစွာ အယ်လ်ဇိုင်းမား ရောဂါ ခံစားခဲ့ရပြီးနောက် သြဂုတ်လ ၈ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ဘုရားများ၏အတွင်း နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဓာတုဗေဒနည်းပညာဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ အရေးပေါ် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
ဂါဇာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသအတွင်းမှ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးတိုက်လေယာဉ်များသည် သြဂုတ် ၉ ရက်တွင် ဂါဇာကမ်းမြောင်ဒေသပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဂါဇာလုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု အခြေအနေမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလ မှ ဇူလိုင်လထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ဝ၂၉၄ သန်း ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက...
မက်ဒရစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) စပိန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့ က အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဗင်ကားတစ်စီးအတွင်း သယ်ဆောင်လာသော ကိုကင်း ၄၈၂ကီလိုဂရမ်အား ယင်းအမျိုးသားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၈ ရက် က အတည်ပြုပြောကြားခဲ့သည်။
ဖရန့်ခ်ဖာထ်(Frankfurt) ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အင်ဂျင်တစ်လုံး အမျိုးအစား လေယာဉ်ငယ် တစ်စင်း သည် သြဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဂျာမနီ နိုင်ငံ အနောက်တောင်ပိုင်း Bodensee ရေကန်တွင် ပျက်ကျသွားခဲ့ပြီး...
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် သြဂုတ် ၈ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းတစ်ခုအတွင်းပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီးအတွင်းကြက်ငှက်တုပ် ကွေးရောဂါH 5N1သည် သြဂုတ် ၄ ရက်မှစ၍ ကြက်ခြံများတွင်ဖြစ်ပွားမှုမရှိခြင်း၊ လူသို့ကူးစက်မှု များ မရှိခြင်းတို့အပြင် လူတွင်ဖြစ်ပွားသော ရာသီတုပ်ကွေးရောဂါH1N1သည် ဓာတ်ခွဲစစ်ဆေးချက်အရ မျိုးစိတ်သစ်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားခဲ့သော တုပ်ကွေး အမျိုးအစားတစ်မျိုးတည်းသာဖြစ်ကြောင်းသိရှိရသည့်အတွက် တနသာၤရီတိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်း ကျောင်းများအား သြဂုတ်...
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၏ ဒေသတွင်း ပေါင်းစည်းရေး လုပ်ငန်းများကို ဆက်လက်ပြီး ပူးပေါင်း ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ နှစ် (၅ဝ) ပြည့် အာဆီယံနေ့ ဗီဒီယို သဝဏ်လွှာတွင်...
အာဘူဂျာ ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဘိုကိုဟာရမ် (Boko Haram) အစွန်းရောက်တပ်ဖွဲ့ က လတ်တလော ရက်ပိုင်းအတွင်း နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ် ရှိ ငါးဖမ်းနယ်မြေအတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တံငါသည် စုစုပေါင်း ၃၁ ဦး...