Connect with us

Europe

ဂျာမနီ နိုင်ငံ တွင် အသေးစား လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါခဲ့သူ သေဆုံး နိုင်ခြေများဟု ပြောကြား

လေယာဉ် ပျက်ကျ ခဲ့သည့် ဂျာမနီ နိုင်ငံ အတွင်း ရှိ Bodensee ရေကန် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဖရန့်ခ်ဖာထ်(Frankfurt) ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အင်ဂျင်တစ်လုံး အမျိုးအစား လေယာဉ်ငယ် တစ်စင်း သည် သြဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဂျာမနီ နိုင်ငံ အနောက်တောင်ပိုင်း Bodensee ရေကန်တွင် ပျက်ကျသွားခဲ့ပြီး ရဲတပ်ဖွဲ့၏ သုံးသပ်ချက်အရ လေယာဉ်ပေါ် လိုက်ပါခဲ့သူ နှစ်ဦး မှာ သေဆုံး နိုင်ခြေများသည် ဟု သိရှိခဲ့ရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က လေယာဉ်သည် အနက် ၆၀ မီတာ ခန့်ရှိသော ရေကန်အတွင်းသို့ ပျက်ကျသွား ခဲ့ပြီး ရဲတပ်ဖွဲ့ က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ပျက်ကျခဲ့သည့် လေယာဉ် အစိတ်အပိုင်း အချို့ နှင့် လိုက်ပါခဲ့သူ တစ်ဦး ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များ အရ ပျက်ကျ ခဲ့သည့် လေယာဉ် သည် ဘာလင်မြို့သို့ သွားရောက်ရန် ရည်ရွယ်ထားပြီး ဒေသစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ် တွင် ပျက်ကျခဲ့ကြောင်း ၊ လေယာဉ် သည် ထိန်းချုပ်ရေး စင်တာ၏ ရေဒါ မှ ရုတ်တရက် ပျောက်ဆုံးသွားပြီး ပျက်ကျခဲ့ကာ လက်ရှိချိန်တွင် ပျက်ကျခဲ့သည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေး နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.