Connect with us

Africa & Middle East

အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ အပေါ် တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်

ဂါဇာကမ်းမြောင်ဒေသ သို့ အစ္စရေးဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်မှုများဖြစ်ပွားနေစဉ် (ဆင်ဟွာ)

ဂါဇာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသအတွင်းမှ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးတိုက်လေယာဉ်များသည် သြဂုတ် ၉ ရက်တွင် ဂါဇာကမ်းမြောင်ဒေသပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဂါဇာလုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

လုံခြုံရေးတာဝန်ရှိသူများ နှင့် မျက်မြင်တွေ့ရှိခဲ့သူများက ဂါဇာမြို့ အနောက်မြောက်ဘက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများကို ဆက်တိုက်ကြားခဲ့ရကြောင်း နှင့် ယင်းပေါက်ကွဲသံများသည် အဆိုပါဧရိယာအတွင်းရှိ စစ်သွေးကြွများ ပိုင်ဆိုင်သော စခန်းများအပေါ်သို့ လေကြောင်းတိုက်ခိုက်မှုကြီး နှစ်ခု မှ ထွက်ပေါ်လာသော အသံများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆေးကုသရေး သတင်းရင်းမြစ်များက အနည်းဆုံး အရပ်သား ၂ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

အစ္စရေးရေဒီယို ၏ ထုတ်လွှင့်ချက်အရ ယခင်အစောပိုင်းတွင် အစ္စရေးဘက်သို့ ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ စစ်သွေးကြွစခန်းများကို အစ္စရေးဘက်က လေကြောင်းတိုက်စစ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။ ဂါဇာဘက်မှ အစ္စရေးအား တိုက်ခိုက်မှုကြောင့် ပျက်စီးမှုနှင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.