Connect with us

Asia

အိန္ဒိယတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျရာ လူ ၈ဦးသေဆုံး၊ ၂၅ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်က ချောက်ထဲပြုတ်ကျခဲ့သည့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် သြဂုတ် ၈ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းတစ်ခုအတွင်းပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်း မတော်တဆဖြစ်ရပ်သည် အနောက်ဘင်္ဂလားပြည်နယ် မြို့တော် ကာလကတ္တားမြို့ မြောက်ဘက် ၁၅၀ကီလိုမီတာ အကွာ ခန့်ရှိ နာဒိယခရိုင်၊ တီဟက်တာရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိတစ်ဦးက သြဂုတ် ၈ရက်တွင် ခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးတိမ်းမှောက်ကာ တူးမြောင်းတစ်ခုအတွင်း ပြုတ်ကျခဲ့၍ လူ၈ဦးသေဆုံးခဲ့ပြီး လူ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် ကားမောင်းသူသည် အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။

ဒေသခံများက ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ၎င်းတို့သည် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရန် အခင်းဖြစ်ပွားရာသို့အလျင်အမြန်သွားရောက်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့အားအကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို Shaktinagar ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.