Connect with us

Africa & Middle East

ဘိုကိုဟာရမ် အစွန်းရောက်တပ်ဖွဲ့ က နိုင်ဂျီးရီးယား နိုင်ငံ တံငါသည် များကို တိုက်ခိုက်သဖြင့် ၃၁ ဦး သေဆုံး

Boko Haram အစွန်းရောက်တပ်ဖွဲ့ ၏ ခေါင်းဆောင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဘူဂျာ ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဘိုကိုဟာရမ် (Boko Haram) အစွန်းရောက်တပ်ဖွဲ့ က လတ်တလော ရက်ပိုင်းအတွင်း နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ် ရှိ ငါးဖမ်းနယ်မြေအတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တံငါသည် စုစုပေါင်း ၃၁ ဦး သေဆုံး ခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ က သြဂုတ်လ ၈ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Borno ပြည်နယ် ပြည်နယ်မှူး က သတင်းမီဒီယာ များကို ပြောကြားရာတွင် သြဂုတ်လ ၅ ရက် နှင့် ၆ ရက် တို့တွင် Boko Haram အစွန်းရောက်တပ်ဖွဲ့ က ပြည်နယ် အတွင်းရှိ ပါဂျာ ဒေသရှိ ငါးဖမ်းဒေသတွင် တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တံငါသည် ၁၄ ဦး နှင့် ၁၇ ဦး အသီးသီး သေဆုံးခဲ့ကြောင်း ၊ Boko Haram အစွန်းရောက်တပ်ဖွဲ့ ၏ ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှု သည် အလွန်ရက်စက်သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခင်းမဖြစ်ပွား ချိန်အထိ နိုင်ဂျီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က Boko Haram အစွန်းရောက်တပ်ဖွဲ့ သည် ငါးဖမ်းခြင်း လုပ်ငန်း မှ ငွေကြေးရှာဖွေမှု ဆောင်ရွက်နေသည် ဟု သံသယ ရှိခဲ့ပြီး ပါဂျာ ဒေသသို့ သွားရောက်ခြင်း ကို တားမြစ်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ က လွန်ခဲ့သည့် တစ်လအချိန်က ငါးဖမ်းခြင်း ကန့်သတ်ချက် ကို ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။

Boko Haram အစွန်းရောက် အဖွဲ့အစည်း ကို ၂၀၀၄ ခုနှစ် တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် IS အစွန်းရောက်အဖွဲ့အစည်း လက်အောက်သို့ သစ္စာခံယူကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ လက်တလော နှစ်ပိုင်းအတွင်း Boko Haram အစွန်းရောက် အဖွဲ့အစည်း က နိုင်ဂျီးရီးယား နှင့် အခြား အိမ်နီးချင်း နိုင်ငံများတွင် မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.