ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် ဟိုတယ်နှင့်ခရီးကဏ္ဍ မှ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု US ဒေါ်လာ ၂.၅၅၇ ဘီလီယံရရှိအောင် ကြိုးပမ်းနိုင်ခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက တနင်္လာနေ့တွင်ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ကို ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရေးထိုးနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကမျှော်လင့် ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြား...
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၁၉၅၀ ခုနှစ်မှ စကာ မကျင်းပဖြစ်သည့် ဗိုလ်ရှုခံသဘင် အခမ်းအနားကို ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပသည့် နေပြည်တော်တွင် ပထမအကြိမ် ပြန်လည်ကျင်းပခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်ပြည်၏ စပ်ကူးမတ်ကူး ကာလဖြစ်သည့် ၂၀၁၂ခုနှစ်နှောင်းပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် (Xi Jinping) သည်သမ္မတနေရာ ထမ်းဆောင်ခဲ့ပြီး လူထုအား အကျိုးပြုရန် ကြီးလေးသည့် တာဝန်များ ထမ်းရွက်ခဲ့သည်။
စိမ်းကျန့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ဝင်ငွေ ရရှိခဲ့ပြီး၂၀၁၃ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာသည်ဟု စီအီးအို Hu Houkun က ပြောသည်။
နယူးယောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် အခြားငွေကြေးများကို ကျော်တက်ကာ မြင့်တက် လာခဲ့သည်။ ၅ နှစ်နီးပါးတွင် ယူရိုကို ကျော်ဖြတ်ကာ အမြင့်ဆုံး ဈေးအထိ ရောက်ရှိခဲ့သည်ဟု ဥရောပ သမ္မဂ ဆိုင်ရာ ဗဟိုဘဏ်မှ ထောက်ပြခဲ့သည်။
ဟောင်ကောင်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ယခုဖော်ပြသည့် ငွေကြေးလဲလှယ်နှုန်းများသည် တရုတ်ဘဏ် (The Bank of China) (ဟောင်ကောင်)မှ ထုတ်ပြန်သည့် ဈေးနှုန်းများ ဖြစ်ပါသည်။ (Xinhua)
နယူးယောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) နှစ်သစ်ကူးနေ့တွင် အမေရိကန်စတော့ ဈေးကွက်ပိတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အပြီးသပ်တွင် အမေရိကန် စတော့ဈေးနှုန်း အားကောင်းစွာ အကောင်းဘက်သို့ ပြန်လည်ဦးတည်ခဲ့သည်။
ချီကာဂို၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) နယူးယောက် ကုန်သွယ်မှုဆိုင်ရာ အိတ်ချိန်း၏ COMEX ဌာနခွဲတွင် အမေရိကန်၏ စတော့ရှယ်ယာဈေးကွက် ဇန်နဝါရီ ၂ ရက်၌ ကျဆင်းနေပြီး၊ ရွှေဈေးပြန်တက်နေသည်။ အမေရိကန်ဒေါ်လာဈေးနှုန်းသည် ကမ္ဘာကိုရိုက်ခတ်သည်အထိ ၈ နှစ်ကျော်ကာလတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။
ပေကျင်း/ရှန်ဟိုင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရှန်းဟိုင်းတွင် နှစ်သစ်ကူး ကျင်းပနေစဉ်အတွင်း လူများ အစုလိုက် အပြုံလိုက် တိုးဝှေ့နေခြင်း၏ အကြောင်းအရင်းအား ဖော်ထုတ်စစ်ဆေးရန် တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က တိုက်တွန်းခဲ့ပြီး ယခုလိုဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားရန်အတွက် ကာကွယ်ရန်လည်း ဇန်နဝါရီ ၁...