Connect with us

Asia

အကျင့်ပျက်ခြစားမှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့ရ

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝက်စ်ရှရစ်ဖ်အား ပြည်သူများအကြား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝက်စ်ရှရစ်ဖ်သည် အကျင့်ပျက်ခြစားမှုကြောင့် တရားရုံးချုပ်တွင် တရားစွဲခံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရကြောင်း သိရသည်။

နာဝက်စ်သည် လွှတ်တော် အမတ် တစ်ဦးအဖြစ် ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်မှာ အရည်အချင်း မပြည့်မီကြောင်း တရားရုံးက အမိန့်ချခဲ့သည်။

“ဝန်ကြီးချုပ် မစ္စတာ နာဝက်ဇ်ရှရစ်ဖ်က ဝန်ကြီးချုပ် ရာထူးမှ ချက်ချင်း နုတ်ထွက်သွားခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး၊ ဝန်ကြီးချုပ်၏ သားနှစ်ဦး၊ သမီးနှင့် သားမက်တို့အား ပိုင်ဆိုင်မှု ဖုံးကွယ်ထားကြောင်း စွပ်စွဲထားမှုနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ စစ်ဆေးမှု လုပ်ငန်းစဉ်များ စတင် စစ်ဆေးရန် ပါကစ္စတန်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးအဖွဲ့ National Accountability Bureau အား တရားရုံးက ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.