Connect with us

North America

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ဥပဒေမူကြမ်းအား သမ္မတ ထရမ့် လက်မှတ်ထိုးမည့် အလားအလာရှိကြောင်း အိမ်ဖြူတော် ထုတ်ပြန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအသစ် ပြုလုပ်ရန် ဥပဒေမူကြမ်း တစ်စောင်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အတည်ပြုခဲ့ကြောင်းနှင့် လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း ဇူလိုင်လ ၂၈ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

“အဲဒီ ဥပဒေမူကြမ်းကို သမ္မတက ဖတ်ပြီး အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စတွေကိုတော့ အလေးထား ညှိနှိုင်းသွားမှာပါ” ဟု သတင်းထုတ်ပြန်ချက်တွင် အိမ်ဖြူတော်က ပြောကြားထားသည်။

“သူ (သမ္မတ) က ဥပဒေမူကြမ်း နောက်ဆုံးအဆိုကို ပြန်လည်သုံးသပ်နေပါတယ်။ သူ့ရဲ့ ဆွေးနွေးညှိနှိုင်းမှု တာဝန်ခံမှုတွေအပေါ် အခြေခံပြီး ဥပဒေမူကြမ်းကို အတည်ပြုပေးဖို့ နဲ့ လက်မှတ်ရေးထိုးဖို့ ရည်ရွယ်ထားပါတယ်” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယား စသည့် နိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုချမှတ်နိုင်မည့် ဥပဒေမူကြမ်းအား အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်က ယခုသီတင်းပတ် အစောပိုင်းတွင် အများစု သဘောတူကာ အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအား တစ်ဖက်သတ် ဖြေလျှော့နိုင်သည့် ထရမ့်၏ အခွင့်အာဏာကို လွှတ်တော်က တားမြစ်ထားမည် ဖြစ်သည်။

ရုရှားနိုင်ငံရှိ အမေရိကန် သံရုံးဝန်ထမ်း အရေအတွက် ၄၅၅ ဦး လျှော့ချရန်နှင့် အမေရိကန် နေအိမ်တစ်လုံးနှင့် ဂိုဒေါင် တစ်လုံးအား သိမ်းဆည်းမည်ဟူသော ရုရှား၏ ကြေညာချက် ထွက်လာပြီးနောက် ထရမ့်က ယခုလို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးများ ပုံမှန်အနေအထားသို့ ရောက်ရှိလာရန် ဆန္ဒရှိသလိုပဲ အမေရိကန် ပိတ်ဆို့မှုများအတွက်လည်း တုန့်ပြန်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်နှင့် ဇူလိုင်လ ၂၈ ရက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.