ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေးအား နှစ်ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဆုံးဖြတ်ချက် ၇ ရပ်အား ယနေ့ဇွန် ၂၅ ရက်တွင် ချမှတ်ခဲ့ကြောင်း သိရသည်။
ဒမတ်စကက်စ် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယား အစိုးရ က တိုင်းရင်းသားလူမျိုးအကြား ပိုမို သင့်မြတ်စေရန် အတွက် ဆီးရီးယား နိုင်ငံ အတွင်းရှိ အချုပ်သား ၆၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။
ပြုံယမ်း ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဇွန်လ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတွင် အမေရိကန် နိုင်ငံ အား ကိုရီးယားကျွန်းဆွယ် စစ်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် သင်ခန်းစာ ကို မှတ်သားရန် နှင့် အမေရိကန်...
အစ္စလာမ်မာဘတ်၊ ဇွန်လ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် ဇွန်လ ၂၅ရက် က ဆီတင်ကား မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂၀ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံသတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပါရာချီနာမြို့ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဇွန်လ ၂၃ ရက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၇ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုဆလင် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ် ခဲ့ကြောင်း ဇွန် လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး...
ပါရီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် မိုင်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဒုတိယမြောက် ပြင်သစ် သတင်းထောက် တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇွန် ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဟောင်ကောင်၌ကျင်းပမည့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိမှု နှစ် ၂ဝ ပြည့်အခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း ယနေ့ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူမှ တစ်ဆင့် ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၌ စီချွမ်း ပြည်နယ်၌ ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား...
ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများအား တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ ဇွန် ၁၆ ရက်မှ ၂၂ ရက် အတွင်း စုစုပေါင်း တားဆီးမှု ၅၄ မှုမှ ခန့်မှန်း တန်ဖိုး ကျပ် ၃၃၉ ဒသမ...