Connect with us

Environment, Disasters & Accidents

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က စီချွမ်း မြေပြိုမှုကြောင့် ဖြစ်ပွား ခဲ့သည့် သေဆုံး ဒဏ်ရာရရှိမှု အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူမှ တစ်ဆင့် ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၌ စီချွမ်း ပြည်နယ်၌ ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ရခြင်းအပေါ် တရုတ် နိုင်ငံ အစိုးရ ထံသို့ ဝမ်းနည်းကြောင့် ပေးပို့ခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူ များမိသာစု နှင့် ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြပါရှိသည်။

ထုတ်ပြန်ချက်တွင် ဂူတာရက်စ် က ဒဏ်ရာရရှိသူများ အနေဖြင့် အမြန်ဆုံး သက်သာပျောက်ကင်း စေလိုကြောင်း ၊ လိုအပ်ပါက ကုလသမဂ္ဂ အနေဖြင့် တက်နိုင်သမျှ တရုတ် နိုင်ငံ ကို ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးလိုကြောင်း ပါဝင် ခဲ့သည်။ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တရုတ် နိုင်ငံ စီချွမ်း ပြည်နယ် မောက်ရှန် နယ်မြေ တွင် မြေပြိုမှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၂၀ ခန့် မြေဖုံးလွှမ်းခြင်း ခံလိုက်ရသည်။ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရုပ်အလောင်း ၁၅ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး လူ ၃ ဦး ကို အောင်မြင်စွာ ကယ်ထုတ် နိုင်ခဲ့သည်။

စီချွမ်းပြည်နယ် အစိုးရ မှ သဘာဝဘေး အန္တရာယ် အရေးပေါ် အခြေအနေ အဆင့်(၁) အဖြင့် သတ်မှတ် လိုက်ပြီး လက်ရှိချိန်တွင် ကယ်ဆယ်ရေး ဝန်ထမ်း အင်းအား ၁၀၀၀ ကျော် ၊ စက်ယန္တရား အစင်းရေ ၁၅၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လူပေါင်း ၃၂၀ ကိုလည်း လုံခြုံရာ နေရာသို့ ရွေ့ပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117