Connect with us

Asia

ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ ဈေးတစ်ခုတွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၆၇ဦးရှိလာ

ပါကစ္စတန်နိုင်ငံ တွင် ယခင်က ဖြစ်ပွာခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပါရာချီနာမြို့ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဇွန်လ ၂၃ ရက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၇ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

ဒေသခံ အုပ်ချုပ်ရေးမှူးတစ်ခုဖြစ်သည့် Shoukat Yousafzai က Kurram လူမျိုးစုဒေသ ပါရာချီနာမြို့ ရှိ ဈေးတစ်ခု တွင် ဇွန်လ ၂၃ ရက်က ဗုံးနှစ်လုံးပေါက်မှုကြောင့် လူသေဆုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ဒဏ်ရာရရှိသူအများအနက် ၂၂ ဦးအား ဆေးရုံးများ၌ ဆေးကုသမှုပေးနေစဉ် သေဆုံးခဲ့သောကြောင့် သေဆုံးသူဦးရေသည် ၆၇ဦးအထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။၎င်းက ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၄၀ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးရုံအသီးသီး၌ ကုသမှုပေးနေကြောင်း နှင့် အချို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါရာချီနာမြို့လယ်ခေါင်ရှိ တူရီဈေးတွင် အစ်ပွဲတော်နေ့အတွက် ဈေးဝယ်သူများ နှင့် စည်ကားနေစဉ် အမည်မသိ အကြမ်းဖက်သမားများ က ပြင်းအားနည်း ဗုံးဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ဒုတိယမြောက် ဗုံးဖောက်မှုပြုလုပ်မည့်နေရာသို့ လူများစုပြုံရောက်ရှိလာစေရန် ပထမဆုံးပေါက်ကွဲမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် အခင်းဖြစ်ပွားရာသို့ အကူအညီပေးရန် လူရာပေါင်းများစွာ စုဝေးလာကြပြီးနောက် ယင်းနေရာနှင့် မီတာအနည်းငယ်အကွာတွင် အကြီးစားဗုံးပေါက်ကွဲမှုတစ်ခုထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ပြည်တွင်း သတင်းများ၏ ဖော်ပြချက်အရ ဗုံး၂လုံးအား အဝေးထိန်းခလုတ်များဖြင့် ထိန်းချုပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြမ်းဖက်အဖွဲ့အစည်း က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)